အင်တာနက်ဆိုင်တွေမှာ သွားသုံးတဲ့ ကျွန်တော်တို့တွေအတွက် ကိုယ့် Memory Stick ကို Virus ကိုက်တာ အဆန်းကြီးမဟုတ်တော့ပါဘူး။ Antivirus Software တစ်ခုခုသုံးပြီး သတ်လိုက်ရုံပါပဲ။ ဒါပေမယ့် တခါတလေကျရင် viurs သတ်ပြီးတာတောင် ကိုယ့်ထဲမှာရှိတဲ့ File, Folder တွေ ပျောက်နေတာ ဖြစ်တတ်ပါတယ်။ အဲဒီလိုကြုံတွေ့ရရင် သူငယ်ချင်းတို့ ဘယ်လိုလုပ်မလဲ ? ကျွန်တော် ဒီနည်းကို မသိခင်တုန်းကတော့ ကျွန်တော့ Stick ကို ခဏခဏ Format ချဖြစ်တယ်။ .... :) ခုတော့ မလိုတော့ပါဘူး။
ဥပမာ။ ။ ကိုယ့် Stick ကို "e" လို့နမူနာပေးခဏပေးလိုက်မယ်နော်...
window key + r နှိပ်ပြီး run box ထဲဝင်လိုက်ပါ။ပြီးရင် cmd ရိုက်လိုက်ပါ။
cmd box ကျလာရင် ကိုယ့် Stick ဆီသွားလိုက်ပါ။ ဥပမာ။ ။ e: ရိုက်ပြီး Enter ခေါက်လိုက်
ပြီးရင် attrib -r -s -h e:\*.* /s /d ရိုက်ပြီး Enter ခေါက်လိုက်ပါ။ ခဏနေရင် Virus ကြောင့် ပျောက်သွားတဲ့ သင့် Memory Stick ထဲက File, Folder တွေ ပြန်တွေ့ရမှာပါ။
ကျွန်တော်က Stick ကို "e:" လို့ နမူနာပေးထားတာပါ။ "e:" နေရာမှာ သင်တို့ Stick ကိုရိုက်ထည့်ရမှာပါ။
My Computer ဖွင့်ကြည့်ရင် သိပါတယ်။ အောင်မြင်ပါစေ။
0 comments:
Post a Comment
Download Link များသေနေပါက Post အမည်နဲ့  Chat Box မှာပြောခဲ့နိုင်ပါတယ်။
ဤဆိုဒ်သို့ လာရောက်သော မိတ်ဆွေအပေါင်း စိတ်နှလုံးရွှင်လန်းကြပါစေ။။