အွန်လိုင်းကနေ
MBA လျှောက်ထား တက် ရောက်ခွင့်ရတဲ့ ဝဘ်ဆိုဒ်တွေထဲ မြန်မာပြည်က
လူသိနည်းနေသေးတဲ့ ဝဘ်ဆိုဒ်ပါ။
အမေရိကန် အခြေဆိုက် တက္ကသိုလ် တစ်ခု
ဖြစ်ပါတယ်။
ကမ္ဘာ့ စီးပွားရေး
လုပ်ငန်း ကုမ္မဏီပေါင်း များစွာနဲ့ ပါတနာဖွဲ့ပြီး အွန်လိုင်း
ပညာသင်ကြားရေးစနစ် ပြုလုပ်နေတဲ့
ဝဘ်ဆိုဒ် ဖြစ်ပါတယ်။ တကယ်အခမဲ့ ပါ။
အားသာချက်ကတော့ ကျောင်းပြီးရင် ရနိုင်မယ့် အလုပ်ပါ တစ်ခါတည်း
ချိတ်ဆက်ပေးခြင်း ဖြစ်ပါတယ်။ The Muse မှ တရားဝင် ပြောကြားထားတဲ့ အချက်ပါ။
ဝဘ်ဆိုဒ်ပေါ်က Course တွေကို လေ့လာ သင်ကြားဖို့အတွက် ငွေကြေး တစ်ပြားတစ်ချပ်မှမကုန်ကျတဲ့အပြင်
အလုပ်ပါ
တစ်ခါတည်း ရှာဖွေပေး မှာ ဖြစ်ပါတယ်။ လောလောဆယ်ကတော့ အခမဲ့အနေနဲ့
သာ ပြုလုပ်
ထားခြင်းဖြစ်ပြီး နောက်ပိုင်းဆိုရင် Paid feature နဲ့
သီးသန့်သင်မယ့် Course တွေလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။
ဒီတော့
ကျောင်းတက်ဖို့အတွက် မိမိမှာ အင်တာနက် ရဖို့လိုပါတယ်။
ကွန်ပြူတာမရှိရင်တောင် အင်တာနက်ဆိုင်မှာ ထိုင်ပြီး
သင်ယူ နိုင်ပါ တယ်။
ကျောင်းတက်ဖို့အတွက် Sign up လုပ်ရပါမယ်။ ပြီးရင် Management 101
ကုဒ်နံပါတ်ရှိတဲ့ Course ကို
ပထမဦးဆုံး လေ့လာ သင်ကြားရမှာပါ။ ပေးအပ်တဲ့
Assignment တွေကိုတော့ ပြီးမြောက်အောင် လုပ်ဖို့ လိုအပ်ပါတယ်။
Management 101 က တစ်လပဲ ကြာမြင့်မှာပါ။ ပြီးရင် MBA က Course အတိုင်း
ဆက်လေ့လာ ရမှာ ဖြစ်ပါတယ်။ MBA
တင်မကပဲ အခြား ယူနိုင်သေးတဲ့ ဘာသာရပ်များလည်း
ရှိသေးပြီး မိမိနှစ်သက်ရာကို Specialize လုပ်နိုင်ကြောင်း
ဆိုထားပါတယ်။
ဒါကြောင့် လက်ရှိမြန်မာပြည်ကနေ MBA ကို ငွေကုန်ကြေးကျ လုံးဝ မရှိပဲ
တက်ရောက်နိုင်ဖို့ ဝဘ်ဆိုဒ်ကောင်းလေးတစ်ခုကို
မျှဝေ ပေးလိုက်ရပါတယ်။
အဆင်ပြေရင်ဘေးကကြော်ငြာလေး ကို Click ပေးခဲ့ပါ။အဆင်ပြေပါစေ။။
Sign up လုပ်ချင်သူများ ဒီနေရာ ကိုနှိမ့်ပါ။
.
ကျေးဇူးအကိုရေ..ကျွန်တော့်ဘလော့မှာလည်းရှဲလိုက်မယ်နော်..
ReplyDelete