Thursday, July 4, 2013

ဖုန်းမှာဆက်သွယ်ရေး MPT နာမည်ကို ကိုယ်ကြိုက်တဲ့နာမည်လေးထည့်မယ်(For Root User)

အပေါ်မှာမြင်တဲ့အတိုင်းလေးနော် MPT နေရာမှာ ကိုယ်ကြိုက်တဲ့နာမည်လေးတွေထည့်ပြီးလန်းကြရအောင်/ တစ်ခုတော့ရှိတယ် ကိုယ့်ဖုန်းမှာ Root Access ရှိရပါမယ်။ အရင်ဆုံး လိုအပ်တဲ့ဖိုင်ကိုဒေါင်းပါ။
                                                 Carrier Name Changer.apk
ဒါကတော့ Root Exploer.apk ပါရှိပြီးသားသူတွေဒေါင်းစရာမလိုအောင် သတ်သတ်စီခွဲပေးထားပါတယ်။ ကဲစလိုက်ကြရအောင် အရင်ဆုံးဒေါင်းလို့ရလာတဲ့နှစ်ဖိုင်ကို Install လုပ်လိုက်ပါ။ ပြီးရင်တော့ Carrier Name ဆိုတဲ့ apk file လေးကိုဖွင့်လိုက်ပါ Root Access တောင်းရင် ပေးလိုက်ပါ။ အဲဒီမှာ သူကဘောက်လေးတစ်ကွက်နဲ့တက်လာပါလိမ့်မယ်
အကွက်ထဲမှာ [New Operator Name] ဆိုတဲ့နာမည်နဲ့ပါ။ အဲဒီမှာကျွန်တော်တို့က MPT နာမည်ကို ကိုယ်နာမည်နဲ့ အင်္ဂလိပ်လိုပြောင်းမယ်ဆိုရင်တော့ New Operator Name ကိုဖျက်ပြီး အင်္ဂလိပ်လိုကိုယ့်နာမည်ရေးလိုက်/ပြီးရင် Ok ပေးလိုက် ပြီးရင် ဖုန်းကို Rebot or Restart ချပေးလိုက်ပါ။ ဒါဆိုပြန်တက်လာရင် ခုနကပေးထားတဲ့နာမည်လေးက MPT ဆိုတဲ့နေရာမှာ ပေါ်နေပါလိမ့်မယ်။ ဒါဆိုပြီးသွားပြီ ဒါကတော့ အင်္ဂလိပ်လို ......၀ူး......
မြန်မာလိုကျန်သေးတယ် မောလိုက်တာဗျာ . . .ကဲဆက်ပြောမယ်နော်
မြန်မာလိုပြောင်းမယ်ဆိုရင် Root Explorer ထဲကိုဝင် Root Access တောင်းရင်ပေးလိုက်နော်
အဲဒီမှာ Mount R/W ဖြစ်နေရင် R/O ပေးလိုက်ပါ . . .
  1. etc ထဲကိုဝင်
  2. spn-conf.xml ကိုတွေ့အောင်ရှာ၊ တွေ့ပြီဆိုရင် အဲဒီပေါ်ကိုဖိထားလိုက်ပါ ဒါဆိုဘောက်တစ်ခုပွင့်လာမယ် အဲဒီမှာ Open in Text Editor ကိုရွေးလိုက်ပါ။ အဲဒီမှာ ကျွန်တော်တို့ ခုနက New Operator Name နေရာမှာအစားထိုးခဲ့တဲ့ နာမည်လေးပေါ်နေမယ်။ ကျွန်တော်တို့က မြန်မာလိုပြောင်းမယ်ဆိုတော့ အဲဒီကောင်လေးကိုဖျက်ပြီး မြန်မာလိုအစားပြန်ရေးလိုက် ကိုယ်ကြိုက်သလိုပေါ့ ဒါပြီးရင်တော့ Menu key နှိပ်ပြီး Save & Exit နှိပ်ပြီးထွက်လိုက်ပါ။ ပြီးရင် ဖုန်းကို Reboot or Restart လုပ်လိုက်ပါ။ ဒါဆိုပြန်တက်လာရင် ကျွန်တော်တို့ရေးထားတဲ့မြန်မာလိုဟာလေးနဲ့ MPT နေရာမှာ ပေါ်လာပါပြီ။ကျွန်တော်လည်းမောသွားပါပြီ  . . . အဆင်ပြေကြပါစေ . . အဆင်မပြေရင် အော်ခဲ့နော် . . . အောက်ကပုံလေးကိုကြည့်လိုက်ဦးနော်

No comments:

Post a Comment

Download Link များသေနေပါက Post အမည်နဲ့  Chat Box မှာပြောခဲ့နိုင်ပါတယ်။
ဤဆိုဒ်သို့ လာရောက်သော မိတ်ဆွေအပေါင်း စိတ်နှလုံးရွှင်လန်းကြပါစေ။။