Saturday, November 9, 2013
android ပေါ်မှာစာသားလေး တွေနဲ့ အလှဆင်နိုင်သော apk
နာမည်နဲ့လိုက်အောင် စာသားများကို ချစ်စရာကောင်းအောင် ဖန်တီးနိုင်မယ့် App လေးပါ။ ကျွန်တော် အရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ Textgram လိုမျိုးပါပဲ။ Textgram ကနေ နောက်ထပ်ထုတ်လုပ်လိုက်တဲ့ App လေးပါ။
TextCutie မှာ Textgram ထက် ပိုပြီး ချစ်စရာကောင်းတဲ့ ဒီဇိုင်းတွေ
အများကြီး ပါလာတယ်။ English Font Style တွေလဲ အများကြီး
ပါတယ်။ Font Style တွေက အလန်းလေးတွေချည်းပဲဗျ။
မြန်မာလိုလဲ ရေးနိုင်ပါတယ်။ Random စနစ်ဖြင့်လဲ ဖန်တီးနိုင်တယ်။
နောက်ခံ Background Themes , Stickers , Font Style , emoji ,
Colors , hand drawing , photo .. အစရှိသည်တို့ဖြင့် အလှပဆုံး ..
ဖန်တီးနိုင်မယ့် ချစ်စရာကောင်းသော App လေးဖြစ်ပါတယ်။
Textgram ထက် အများကြီး ပိုကောင်းလာပြီး ရေလည်လန်းတယ်။
Free version ပါ။ Pro ကိုတော့ ရှာလို့ မတွေ့သေးပါဘူး။
Free version မှာတင် အတော်လေး စုံလင်စွာ အသုံးပြုနိုင်ပါတယ်။
ကဗျာများ၊ ရသစာတန်းများ၊ Facebook မှာ Status တင်ဖို့ ..
ခံစားမှု စာစုများ .. စသဖြင့် မိမိစိတ်ကူးရှိသလို ဖန်တီးနိုင်ပါတယ်။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
created by ပျော်ရွှင်စရာ Android ကမ္ဘာ
Htut Htut
No comments:
Post a Comment
Download Link များသေနေပါက Post အမည်နဲ့  Chat Box မှာပြောခဲ့နိုင်ပါတယ်။
ဤဆိုဒ်သို့ လာရောက်သော မိတ်ဆွေအပေါင်း စိတ်နှလုံးရွှင်လန်းကြပါစေ။။