မလုပ်ကြည့်ပါနဲ့.လို့...အရင်ပြောပါရစေ... အရမ်း မှားလွန်းတာများသွားရင်လည်း... Account က
Disable ဖြစ်သွားတတ်လို့ပါ... ... Friend အရမ်းများသူတွေအတွက် က နောက်တစ်ကျော့ တင်ပေးပါမယ်...
Facebook Lock ကျ တာကို ဖြေရှင်းပေးနိုင်မယ့် အလွယ်ဆုံးနည်းလမ်းကို ကျွန်တော်ရှာနေပါတယ်...
စမ်းသပ်ကြည့်နေပါတယ်... ဒါပေမယ့် ကျွန်တော့် ဆီမှာက Lock ကျနေတဲ့ Facebook Account
မရှိလေတော့ ဒုက္ခရောက်နေပါတယ်.... ကျွန်တော်လည်း ကိုယ့်အကောင့်ကိုယ် Lock မကျကျအောင်
လျှောက်ကလိရမယ့်ပုံပေါက်နေပါတယ်.. :P
လောလောဆယ် စမ်းသပ်တာ မရသေးခင်...ကျွန်တော် တွေးမိတာလေးကို ပြောပြပေးပါ့မယ်....
စာဖတ်သူ တို့ မှာ.. Facebook Account Lock ကျသွားရင် Facebook က သူငယ်ချင်းတွေရဲ့ Photo
တွေကို ရွေးခိုင်းပါတယ်....
ဒါကိုတော့ Lock ကျဖူးသူတိုင်းသိမှာပါ....
ကျွန်တော်ကိုယ်တိုင် Lock ကျဖူးတဲ့ Account သုံးခုကို ဒီနည်းလမ်းနဲ့ပဲ ကျော်လွှားခဲ့တာပါ...
အခုအချိန်မှာ Lock မကျလေတော့ Screen shot ရိုက်ပြဖို့ ရာအဆင်ပြေပါဘူး...
စာသားနဲ့ပဲတင်ပြပေးလိုက်ပါတယ်.....
ကဲ စပြောပြီ... Facebook Account ကို ကျန်တဲ့ နေရာ အားလုံးမှာ ပိတ်ပြီး PC မှာ ဖွင့်လိုက်ပါ....
Lock ကျပြီဆိုတာနဲ့ Facebook က မိမိရဲ့ သူငယ်ချင်းတွေ ရဲ့ Photo တွေကို ရွေးခိုင်းပါတော့တယ်...
အောက်မှာ နာမည်တွေ ပါတာပေါ့...
အပေါ်မှာက ပုံလေးတွေ ပါပါတယ်...
အဲ့လို တစ်ခါရွေးခိုင်းတာနဲ့ Screen Shot ကိုရိုက်ပါ မသိရင် ရမ်းသမ်း ဖြေ ကြည့်ပါ...
မသေချာလည်း skip လုပ်ပါ...
ဒါပေမယ့် တစ်ခု ဖြေခါနီးတိုင်း Screen Shot ရိုက်ပြီး ပုံကို Save မှတ်ထားဖို့ လိုပါတယ်.....
ပထမ တစ်ကျော့ မှားပြီ ဆိုတာနဲ့ ထပ်ဖြေခိုင်းပါတယ်.. သူလည်း ချန်ပီယံ လိဂ်လိုပဲနှစ်ကျော့ဗျ.. :P
နာရီအပိုင်း အခြားနဲ့ ဖြေရတာမို့လို့.... မှားသွားရင်လည်း Screen Shot ကိုတော့ သိမ်းထားပါ...
နောက် ဘယ်လောက်ကြာမှ ရပါမယ်... Hourly Limit လို့ပြပါတယ်.... ဒါကတော့ သူ့ကန့်သတ်ချိန်ပေါ့
သုံးနာရီလောက်စောင့်ရပါတယ်...
သူကန့်သတ် ချိန် လွန်သွားပြီဆိုတာနဲ့ နောက်တစ်ခါ ထပ်ဝင်ပါ... ထပ်ဖြေပါ... ဖြေတိုင်း Screen Shot ရိုက်
ပေးထားပါ.... Screen Shot တွေကို ဖြေတိုင်းရိုက်ထားပါ .. တဖြည်းဖြည်း များလာပြီဆိုရင်...
အဖြေ နှစ်ခုလောက် အရင်ပေါ်လာပါလိမ့်မယ်.....
ဥပမာ - ပုံက ကောင်မလေး မျက်မှန် နီနီ တပ်ထားတဲ့ ပုံပဲ ထားပါတော့...
အဲ့ပုံက ဘယ်သူ့ဟာလည်း ရွေးခိုင်းတယ်နော်...
အောက်မှာ နာမည်တွေပါပါတယ်...
အဲ့ဒါမျိုးနောက်ထပ်လာပြီဆိုတာနဲ့ ... အောက်ကနာမည်တွေ ပြောင်းသွားပါတယ်.......
နာမည်မပြောင်းဘဲ ကျန်ခဲ့ တဲ့သူက Photo ရဲ့ ပိုင်ရှင် အစစ်ပေါ့...
ဒါကိုတော့ Screen Shot ရိုက်ထားသူမှ သိနိုင်ပါလိမ့်မယ်.. (ဥာဏ်ကောင်းလွန်းရင်တော့ မပြောတတ်ဘူးပေါ့)
ဒါကြောင့် ပြန်စစ်လို့ ရအောင် ကျွန်တော်က Screen Shot ရိုက်ခိုင်းတာပါ....
တချို့ဆို လေးငါးနှစ်လောက် သုံးခဲ့တဲ့ Facebook ကြီး Lock ကျသွားလို့ စိတ်မကောင်းဖြစ်နေကြလို့...
ကျွန်တော် တွေးမိတာလေးတင်ပေးလိုက်တာပါ...
Friend အရမ်းများတဲ့သူတွေကတော့ ဒီနည်းနဲ့ မရနိုင်ပါဘူး.... Screen Shot တွေ များလွန်းပြီးတော့
စက်ပါ လေးသွားမှာ ကြောက်ရတယ်... :P
ဟာသလေး တမင်ထည့်ပြောတာပါ....
Screen Shot တွေ မဟားတရားများပြီး ပုံတွေ ပလူပျံပြီး ခေါင်းပါ ထူသွားပါလိမ့်မယ်....
Friend အရမ်းမများတဲ့ သူတွေ အတွက် ဒီနည်းကို ကျွန်တော် စဉ်းစား မိလို့ ပြန်လည်တင်ပြလိုက်တာပါ...
ကျွန်တော် ကိုယ်တိုင် Lock ကျ တဲ့ နေ့ကျရင် Screen Shot တွေနဲ့ Update ဖြစ်အောင် ပြန်တင်ပေးပါမယ်...
အခု ကျွန်တော် Friend အရမ်းများတဲ့ သူတွေ အတွက် Facebook Lock ဖြည်နည်းကို ရှာဖွေ စမ်းသပ်နေပါတယ်...
အောင်မြင်ရင် တင်ပေးပါဦးမယ်...
နားပါဦးမည်.။..
0 comments:
Post a Comment
Download Link များသေနေပါက Post အမည်နဲ့  Chat Box မှာပြောခဲ့နိုင်ပါတယ်။
ဤဆိုဒ်သို့ လာရောက်သော မိတ်ဆွေအပေါင်း စိတ်နှလုံးရွှင်လန်းကြပါစေ။။